လူငယ်တွေ အရေးပါလာမယ့် အမေရိကန်ရွေးကောက်ပွဲ

အမေရိကန် ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ၈ ရက်ပဲ လိုပါတော့တယ်။ ဒီတကြိမ်မှာတော့ ခါတိုင်းနဲ့မတူ မဲဆန္ဒရှင်တွေ သမိုင်းတွင်လောက်အောင် အများကြီး မဲပေးကြမယ်လို့ မျှော်လင့်ထားကြပါတယ်။ ၁၉၉၆ နောက်ပိုင်းမွေးဖွားခဲ့တဲ့ လူငယ်မဲဆန္ဒရှင်ပေါင်း ၂၃ သန်းလောက်ရှိနေတာ ကြောင့် ဒီတကြိမ် ရွေးကောက်ပွဲမှာလူငယ်တွေရဲ့ ဆန္ဒမဲက အရေးကြီးတဲ့ နေရာမှာ ပါလာနေပါတယ်။ ဘီဘီစီ သတင်းထောက် နာဒါ တော်ဖစ်က အကြိတ်အနယ် ပြိုင်ရမယ့် ပြည်နယ်တခု ဖြစ်တဲ့ ပဲန်ဆီလ်ဗေးနီးယား ပြည်နယ်က လူငယ်မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံထားတာကို ရှုစားရအောင်ပါ။

မရီရီအောင်က ပြောပြမှာပါ။